Saturday, November 23, 2013

ဟိုးဟိုတုန်းက PlayStation One မှာဆော့ခဲ့ကြတဲ့ စိုက်ပျိုးရေးgame လေးပါ ခု Android& PC ပေါ်မှာဆော့လို့ရပါပြီ

ကျွန်တော်တို့ ခပ်ငယ်ငယ်က သည်းကြီးမည်းကြီးကစားခဲ့တဲ့ PlayStation One မှာ စခဲ့တဲ့ဂိမ်းလေးပါ ။
အခု အဲ့ဒီဂိမ်းလေးကို Android Phone တွေ PC တွေပေါ်မှာ ကစားလို့ရအောင် ပြောပြမှာပါ ။

ပထမဆုံး Android ဖုန်းတွေပေါ်မှာ ကစားဖို့ အရင်စပါမယ် ။ နည်းလမ်းနှစ်မျိုးနဲ့ ကျွန်တော်တင်ပေးပါ့မယ် ။ Root လုပ်ထားတဲ့ဖုန်းတွေအတွက်ရော Root မလုပ်ထားတဲ့ ဖုန်းတွေအတွက်ရောပေါ့ ။ ကဲ စကြရအောင် ။ စမယ်ဆိုတော့ လိုအပ်တာတွေ
ဒေါင်းရတော့မှာပေါ့ ။ MPT ရဲ့ ကျေးဇူးတရားများကို စိတ်ထဲမှာမှတ် ။ အသက်အောင့်ပြီးသား ဒေါင်းဗျို့ ... :D

အခုစမဲ့ နည်းလမ်းက Rooted Phone တွေအတွက်ပါ ။
ပထမဆုံး Emulator ဒေါင်းပါမယ် . . . Rooted Phone တွေအတွက် နည်းနည်းပိုကောင်းတဲ့ Emulator လေးကို ရွေးထားပါတယ် ။ FPse emulator ပါ . သူက လိုင်စင်နဲ့သုံးရတာဖြစ်ပြီး လိုင်စင်ကို ဖျက်ပြီးသုံးမှာမို့ ဖုန်းဟာ Root လုပ်ထားဖို့လိုအပ်တာပါ ။

FPse Emulator ဒေါင်းရန် >>
"https://copy.com/IsiqU3JpZjJl" >Copy Download Link
"http://www.mediafire.com/download/8qx02kf8nb8uc7j/FPSE.zip" >Mediafire Download Link

Emulator ဒေါင်းပြီးသွားပြီဆိုရင် bios ဖိုင် ဒေါင်းရပါမယ် ။ Bios ဖိုင်ဟာ Emulator နဲ့ဆော့သမျှဂိမ်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ဖိုင်ပါ ။ Android မှာဆိုလဲ ဒီ bios file ပဲသုံးရသလို PC မှာဆော့ရင်လဲ ဒီဖိုင်ကိုပဲ သုံးရတာပါ ။ ဘယ် Platform မှာဆော့ဆော့ Emulator သာကွာပြီး ကျန်တဲ့ Bios ဖိုင်တွေ Game ဖိုင်တွေဟာ အတူတူပါပဲ ။
ကဲ . . . Bios ဖိုင်ဒေါင်းပါမယ် ။ Bios တွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော်က scph1001.bin ဆိုတဲ့ bios ကိုသဘောကျပါတယ် ။ Error မရှိသလောက်ကင်းပြီး Emulator တိုင်းနီးပါးနဲ့ အလုပ်လုပ်ပါတယ် ။ ဒါကြောင့် ဒီကောင်လေးကိုပဲ တင်ပေးလိုက်ပါတယ် ။

BIOS (Scph1001.bin) ဒေါင်းရန် >>
"https://copy.com/xAx9G2HV8DsX" >Copy Download Link
"http://www.mediafire.com/?ybo2g7e7j9d69mq" >Mediafire Download Link

ပြီးရင်တော့ Game ဖိုင်ပဲလိုပါတော့တယ် ။ ဖိုင်ဆိုက်ကြီးပါတယ် ။ 7zip နဲ့ချုံ့ထားပါတယ် ။
28Mb ရှိပါတယ် ။ ဒါကြောင့် ဒေါင်းပြီးရင် ဇစ်ဖြည်ဖို့လိုအပ်ပါတယ် ။ သင့်တော်ရာဆော့ဝဲလ်တစ်ခုခုအားအသုံးချပါလေ ။ ။
ဂိမ်းဖိုင်ဒေါင်းဖို့အတွက် MPT ကို မေတ္တာများများပို့ဖို့ မမေ့ပါစေနှင့် :P

Harvest Moon Back To Nature Game File ဒေါင်းရန် >>
"http://coolrom.com/dlpop.php?id=38533" >Coolrom Download Link
( ဆယ်စက္ကန့်စောင့်ပြီးရင် ဒေါင်းလုပ်လင့်ခ်ပေါ်လာပါမယ် ။ IDM နဲ့လဲ ဒေါင်းလို့ရပါတယ် )
"http://www.mediafire.com/download/2954x8ait5kkd2f/Harvest_Moon_-_Back_to_Nature.7z" >Mediafire Download Link

ကဲ . . . လက်နက်တွေစုံပြီဆိုရင် စပါမယ် ။ ပထမဆုံး ဒေါင်းထားတဲ့ FPse ဖိုင်ကို ဇစ်ဖြည်ပါ ။
ဖုန်းရဲ့ မန်မိုရီကဒ်အတွင်းသို့ သွင်းပါ ။ ( internal ဖြစ်ဖြစ် External ဖြစ်ဖြစ် ရပါတယ် )
ပြီးရင် bios ဖိုင်ကို ဖုန်းရဲ့ Internal Memory သို့သွင်းပါ ။ အကြံပေးချင်တာကတော့
PS1 ဆိုပြီး Folder လေးတစ်ခုလုပ်ပြီးထည့်ထားလိုက်တာပိုကောင်းပါတယ် ။ ပြန်ရှာရင်လွယ်တာပေါ့ ။
ပြီးရင် ဂိမ်းဖိုင်ကို ဇစ်ဖြည်ပါ ။ အထဲမှာ ဖိုင်လေးသုံးခုတွေ့ပါလိမ့်မယ် ။ bin ဖိုင်ရယ် cue ဖိုင်ရယ် txt ဖိုင်ရယ် သုံးခုပါ ။ အဲ့ထဲက bin ဖိုင်လေးကို ဖုန်းရဲ့ internal memory သို့ထည့်ပါ ။
စောစောက internal memory မှာ PS1 ဆိုတဲ့ ဖိုဒါလေး ဆောက်ထားခဲ့ရင် အဲ့ထဲကိုပဲ ထည့်ထားလိုက်ပါ ။ ပြီးတဲ့အခါ ပထမဆုံးထည့်ထားတဲ့ FPse Emulator ကို ဖုန်းမှာ အင်စတောလုပ်ပါ ။ မဖွင့်ပါနဲ့ဦး ။ FPse Activator ကို အင်စတောလုပ်ပါ ။ ပြီးရင် Activator ကိုအရင်ဖွင့်ပါ ။ Patch it ဆိုတဲ့ buttom လေးရှိပါတယ် ။ အဲ့ကောင်လေးကို နှိပ်ပါ ။
Root access တောင်းပါလိမ့်မယ် ။ Root Access ပေးလိုက်ပါ .။ ဒါဆိုရင် register write is successful ဆိုပြီး စာလေးတက်လာပါလိမ့်မယ် ။ ဒါဆိုရင် ရပါပြီ ။ ပြန်ထွက်လိုက်ပါ ။
ပြီးရင် ဂိမ်းကို ဖွင့်ပါ ။ ဖွင့်ဖွင့်ချင်းမှာ Video / Audio Plugin တွေဒေါင်းရပါမယ် ။ ဒါကြောင့် အင်တာနတ်လိုင်းလိုအပ်ပါတယ် ။ သိပ်မကြာပါဘူး ။ ခဏပါပဲ ။ 
Plugin တွေဒေါင်းပြီးသွားတဲ့အခါ . . . Language ရွေးရပါမယ် ။ ကိုယ်နားလည်တဲ့ဘာသာကိုရွေးပါ ။ ကျွန်တော်ကတော့ English ကိုပဲ ရွေးပါတယ် ။ :D
ရွေးပြီးတဲ့အခါ Easy ရယ် Advanced ရယ် ဘယ် Setting နဲ့သုံးမလဲဆိုပြီး မေးပါတယ် ။
Advanced ကိုရွေးလိုက်ပါ ။ ကျွန်တော်တို့တွေဟာ ဆရာကြီးတွေမဟုတ်လား  :P
ပြီးတဲ့အခါ ... Setting လေးတစ်ခုပွင့်လာပါမယ် ။
အဲ့ဒီမှာ ပထမအကြောင်းက Load Game .. ဒုတိယအကြောင်းက Boot Bios .. တတိယအကြောင်းက Setting ... စတုတ္ထအကြောင်းက Help .. အဲ့လိုပေါ်ပါမယ် ။
အဲ့ဒီမှာ Boot Bios ကိုအရင်ဝင်ပါ ။ Bios ရွေးဖို့အတွက် စောစောက bios ဖိုင်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး scph1001.bin ကိုရွေးပေးလိုက်ပါ ။
ပြီးရင် Load Game ... အဲ့ဒီလိုပဲ စောစောက ကိုယ်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး
harvest moon back to nature.bin ကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင် ဂိမ်း စလာပါလိမ့်မယ် ။
ဒါဆို အဆင်ပြေပြီမှတ်တယ် ။ ( ပြေကိုပြေမှာပါဗျာ . . ကျွန်တော်တို့တွေဟာ ဆရာကြီးတွေမဟုတ်လား  :P )

------------------------------------------------

ဒီတစ်ခါကတော့ Root မလုပ်ထားတဲ့ဖုန်းတွေအတွက်ပါ ။Root မလုပ်ထားတဲ့ ဖုန်းတွေကျတော့ လိုင်စင်ဖျက်တာတွေ ဘာတွေလုပ်လို့မရဘူးလေ  . . . ဒါကြောင့် လိုင်စင်ဖျက်စရာမလိုတဲ့ Emulator လေးသုံးပါမယ် ။ PlayStore မှာဆိုရင်တော့ ခြောက်ဒေါ်လာလောက်ပေးရမှာဗျ ။
ကျနော်ကတော့ အလကားပေးပါ့မယ် ။ ။  ကျွန်တော်လဲ ဈေးမည်းက သွားနှိုက်ထားတာကိုး  :P

PSX4Droid Emulator ဒေါင်းရန် >>
"https://copy.com/tlP6VrwmrSXl" >Copy Download Link
"http://www.mediafire.com/?101e9048dr355nb" >Mediafire Download Link

Bios ဖိုင်နဲ့ Game ဖိုင်ကတော့ အပေါ်မှာပေးခဲ့တဲ့ဟာတွေကိုပဲ ဒေါင်းလိုက်ပါ .
အတူတူပါပဲ ..

ပြီးရင် အထက်ကနည်းလမ်းအတိုင်း bios ဖိုင်နဲ့ game ဖိုင်ကို ဖုန်းရဲ့ internal memory ထဲထားပါ ။
psx4droid.apk ကို ဖုန်းမှာ အင်စတောလုပ်ပါ ။ ပြီးရင် ဖွင့်ပါ ။ သူက bios ထည့်ဖို့ပြောပါလိမ့်မယ် ။ ok နှိပ်ပါ ။ ပထမဆုံးဖွင့်တဲ့အခါ ဟန်းနေတတ်ပါတယ် ။ အဲ့ဒီအခါ ပြန်ထွက်ပြီး ပြန်ဝင်ပါ ။ bios ထည့်ဖို့ပြောပြီး Ok နှိပ်လိုက်ရင် Setting ပွင့်လာပါမယ် ။ အပေါ်ဆုံးမှာ PSX BIOS File ဆိုပြီးရှိပါတယ် ။ အဲ့နေရာကို နှိပ် ။ ပြီးရင် bios ဖိုင်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး scph1001.bin ကိုရွေးပေးလိုက်ပါ ။ ပြီးရင် back တချက်နှိပ် ။ အဲ့ဒါဆိုရင် သူက Game File ရွေးဖို့ ပွင့်လာပါမယ် ။ အဲ့ဒီမှာ စောစောက ကိုယ် ဂိမ်းဖိုင်ထည့်ထားတဲ့ နေရာကနေ Harvest moon back to nature.bin လေးကို ရွေးလိုက်တာနဲ့ ဂိမ်းပွင့်လာပါမယ် ။ ဒါဆို အဆင်ပြေပြီပေါ့ဗျာ ။

------------------------------------------------------------------

ဒီတစ်ခါတော့ PC မှာ ကမြင်းဖို့ဗျာ  . . . . :D ဖုန်းမှာက စခွင်သေးတယ်မှတ်လား . PC ဆိုတော့ ပြူးနေအောင် ဆော့လို့ရတာပေါ့ ။ တခါတည်း အင်စတောလုပ်ပြီး တန်းဖွင့်ရတဲ့ဟာတွေရှိပေမဲ့ ကျနော်ကတော့ လမ်းရိုးအတိုင်းပဲ Emulator သုံးတဲ့နည်းကိုပဲ ပြောပါ့မယ် ။ ဒါမှ ဒိပြင်ဂိမ်းတွေဆော့ချင်တဲ့အခါ Game rom လေးတွေဒေါင်းပြီး စိတ်ကြိုက်ဆော့လို့ရတာပေါ့ ။ နောက်ဆုံး PC မှာ P1 Game ခွေထည့်ဆော့တောင်ရတယ်ဗျာ . . ဒါမျိုး ။ ကဲ . . PC အတွက် Emulator ဒေါင်းမယ်ဗျာ ။

PSX For PC ဒေါင်းရန် >>
"https://copy.com/iGczUxvpztXA" >Copy Download Link
"http://www.mediafire.com/?sepct00gpiih154" >Mediafire Download Link

Bios ဖိုင် နဲ့ Game ဖိုင်ကတော့ အထက်မှာ ပေးခဲ့တဲ့ဟာတွေပဲ ဒေါင်းပါ ။အတူတူပါပဲ ။
ဒေါင်းပြီးသားဆို ပြန်ဒေါင်းစရာမလိုတော့ဘူးးပေါ့ . . . .
ပြီးရင် PSX ဖိုင်လေးကို ဇစ်ဖြည်ပါ ။ အထဲမှာ ဖိုဒါလေးတွေအများကြီးရှိပါတယ် ။
အဲ့ဒီမှာ အပေါ်ဆုံးမှာ Bios ဆိုတဲ့ ဖိုဒါလေးရှိပါတယ် ။ အဲ့ဒီဖိုဒါလေးထဲကို scph1001.bin ကိုထည့်ပေးထားပါ ။ ပြီးရင် psxfin.exe ဖိုင်လေးကို Run ပါ ။ စတက်တက်လာချင်းမှာ သူက bios ဖိုင်တောင်းပါမယ် ။ အဲ့ဒီမှာ စောစောက bios ဖိုဒါထဲထည့်ထားခဲ့တဲ့ scph1001.bin ကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင် P1 စက်မှာ အခွေမထည့်ပဲ ဖွင့်သလိုမျိုးပွင့်လာပါမယ် ။
ဘယ်ဘက်အပေါ်ထောင့်က File ကို ကလစ်တချက်နှိပ်ပြီး Insert CD Image ကို နှိပ်ပါ ..
ပြီးရင် ဒေါင်းထားပြီးဖြစ်တဲ့ Harvest Moon back to nature.bin ကို ရွေးပေးလိုက်ပါ ..
ဂိမ်းစလာပါပြီ ။ PC မှာကျတော့ Android Phone မှာလို လက်ကွက်ပုံလေးတွေမပေါ်ဘူးဗျ ။
ကီးဘုတ်နဲ့ပဲ သုံးရတာကိုး ။ ။ ဒါကြောင့် ဘယ်ကီးက ဘယ်ခလုတ်ဆိုတာ ကိုယ်တိုင်သတ်မှတ်ထားလို့ရတယ်ဗျ ။ အဲ့လိုသတ်မှတ်မယ်ဆိုရင် စောစောက File ကိုပဲ ကလစ်တချက်နှိပ် ။ Configuration ထဲဝင် ။ အဲ့မှာ Controller ဆိုတဲ့ tab လေးထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ ကီးကို ကိုယ်ကြိုက်တဲ့ခလုတ်သတ်မှတ်ပေးလိုက်ပါ ။ ဒါဆို အဆင်ပြေမှာပေါ့ ။
အဲ့ . . .  ဒီနေရာမှာ တစ်ခုရှိတာက Android ဖုန်းတွေမှာကျ ဂိမ်းကို Save မှတ်မယ်ဆိုရင် သူ့ဟာသူ အော်တို memory card ရှိနေပြီးသား ။ ကျွန်တော်တို့ PC မှာကျ ဒါမျိုးမရှိဘူး ။
ဒါကြောင့် Memory Card ဖန်တီးပေးရပါမယ် ။ Memory Card ဖန်တီးဖို့အတွက် File > Configuration ထဲဝင် ။ Memory Card ဆိုတဲ့ tab ထဲဝင်လိုက်ရင် အဲ့မှာ Slot1 နဲ့ Slot2 ဆိုပြီး
အကွက်လေး နှစ်ကွက်ရှိနေပါလိမ့်မယ် . အဲ့နှစ်ကွက်မှာ No card Insert ဆိုပြီးပဲ ပြပါလိမ့်မယ်
အဲ့ဒီအကွက်လေးတွေရဲ့ ဘေးမှာ ... ပုံစံ အစက်လေးသုံးစက်ရှိပါတယ် ။ ကိုယ်က Slot1မှာ
ထားချင်ရင် Slot1 ဘေးက အစက်လေးကို နှိပ်ပေါ့ ။ နှိပ်လိုက်ရင် Window တစ်ခုပွင့်လာပါမယ် ။ အဲ့ထဲမှာ txt ဖိုင်လေးတစ်ခုပဲရှိနေပါလိမ့်မယ် ။ ဘာမှမရှိလဲ စိတ်မပူပါနဲ့ ။
File Name ဆိုတဲ့အကွက်ထဲမှာ ကိုယ်ကြိုက်တဲ့ နာမည်တစ်ခုကို .mcr ဆိုတာလေးတွဲရိုက်ပြီး
OPEN ကို နှိပ်လိုက်ပါ ။ ဥပမာ . .  . . minlulin.mcr လို့ရေးပြီး Open ကိုနှိပ်ပေါ့ ။
ပြီးရင် Apply > Ok ...  ဒါဆိုရင် Slot1 မှာ Memory Card ရှိသွားပါပြီ ။ Save လုပ်လို့ရပါပြီ ။
ဒါဆို အဆင်ပြေပြီပေါ့ဗျာ . . . .

အခုကျွန်တော်ပြောသွားတာဟာ Harvest Moon ဆိုတဲ့ ဂိမ်းကိုပဲ ပြောသွားတာပါ ။
ဒိပြင်ဂိမ်းတွေ လိုချင် ဒေါင်းချင်ရင် . . . http://coolrom.com/roms/psx
အဲ့ဒီဆိုက်လေးမှာ စုံစုံလင်လင်ရှိပါတယ် ။
အထက်ကနည်းလမ်းအတိုင်းလုပ်ပြီး Game file ရွေးတဲ့နေရာမှာ ကိုယ်ဒေါင်းထားတဲ့ ကိုယ်ကြိုက်တဲ့ဂိမ်း ကိုယ်ရွေးရုံပါပဲ ။ ။ လုပ်ပုံလုပ်နည်းအတူတူပါပဲ ။

ကျွန်တော် Screen Shot တွေနဲ့ ပြချင်ပေမဲ့ Photo Attach မလုပ်တတ်လို့ တတ်နိုင်သမျှ စာနဲ့ပဲ ရှင်းအောင် တဆင့်ချင်းစီသေချာပြောပြထားပါတယ် ။ အဆင်မပြေတာရှိရင် ကျွန်တော့ကို မေးနိုင်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေဗျာ . . . .

( လက်ဆောင်အနေနဲ့ ခိုးထားတဲ့ Memory File လေးတင်ပေးလိုက်ပါတယ် ။ ဒါကတော့ ဥာဏ်ရှိသလို သုံးကြပါလေ >>>>

No comments:

Post a Comment