Sunday, October 13, 2013

သိစေလိုလို့ နည်းနည်းလေးပိုပြောလိုက်မိတယ်"

သိစေလိုလို့ နည်းနည်းလေးပိုပြောလိုက်မိတယ်" ဒီကဗျာမှာ စကားလုံးလှလှတွေ များများပါမယ် မထင်ပါနှင့် ဆူလွယ်နပ်လွယ်တံဆိပ်များ ဝေးဝေးသွားပါ ဒီကဗျာမှာ ထင်မိထင်ရာ အရေးအသားတွေ များများပါမယ် ဆင်တူ အပြစ်တင်သံများ ဝေးဝေးသွားပါ ဒီကဗျာမှာ ကိုယ်ဖတ်ထားမိသမျှ နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အဲ့ဒါတွေ များများပါမယ် ဒီ ရေးလေးရေး မြင်ပြင်းကတ်သူမျာွး ဝေးဝေးသွားပါ ဒီကဗျာမှာ ပျော်စရာ ရွှင်စရာ ဟာသကမ္ဘာ လို ရီစရာပါမယ် မောစရာပါမယ် အလကားနေဆဲချင်ဆိုချင်မျာွး ဝေးဝေးသွားပါ ဒီကဗျာမှာ အမိမဲ့သားရေနည်းငါးလို မိဝေး ဖဝေးတွေ ရေခြားမြေခြားတွေပါမယ် ရွှေပြည်အေးတရားနဲ့ ကျောပြင် ဓါးပြားရိုက်တွေ ဝေးဝေးသွားပါ ဒီကဗျာမှာ ဒီကဗျာမှာ ဒီကဗျာမှာ မျက်ရည်တွေပါမယ် မိဘပြည်သူတွေပါမယ် ကျားတွေ ဆင်တွေ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေပါမယ် ငြိမ်းချမ်းရေး ဆုတောင်းသံတွေပါမယ် ကဗျာရွတ်သံတွေပါမယ် မွေးနေ့ဆုတောင်းတွေပါမယ် ငါ့တိုင်းပြည်ထိ လက်သီးကြည့်တွေပါမယ် သမ္မတနဲ့ သမ္မတလုပ်မယ့်သူတွေ အကြောင်း ပါမယ် ပြင်ဖို့လိုအပ်ကြောင်း တိုးတိုးတမျိုး ကျယ်ကျယ်တမျိုးတွေပါမယ် ပုဒ်မ ၁၈ ကိုခြေနဲ့နင်းမယ်တွေပါမယ် ဒီကဗျာမှာ ဒီကဗျာကို တခါတည်း လက်တန်းရေးသောကြောင့် ဖတ်ကြည့်သူ မကြိုက်နှစ်သက်သူတွေပါမယ် ထို့ကြောင့် မကြိုက်နှစ်သက်သူများ ဝေးဝေးသွားပါ ဝေးဝေးသွားပါ ဝေးဝေးသွားပါ ။ ။

No comments:

Post a Comment